Frequently Asked Questions

Books Hive ဆိုတာ ဘာလဲ ?

Books Hive သည် မြန်မာလူမျိုးများအတွက် သီးသန့်ပြုလုပ်ပေးထားသော အခမဲ့ Ebooks Library တစ်ခုဖြစ်ပါသည်။ စာအုပ်များကို ကိုယ်ပိုင် Server များပေါ်တွင် တင်ပေးထားသည် ဖြစ်သောကြောင့် မည်သည့်နေရာကမဆို အကန့်အသတ်မရှိ ဒေါင်းလုပ်လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

Books Hive မှာ ဘယ်လို Sign Up လုပ်မလဲ ?

Books Hive မှ စာအုပ်များကို ဒေါင်းလုပ် လုပ်ချင်သူတိုင်း Register / Sign Up လုပ်ရပါတယ်။ Books Hive ကို ၀င်လာတဲ့အခါ ပထမဦးစွာ Login Page ကိုတွေ့ရမှာဖြစ်ပါတယ်။ အောက်နားမှာ Sign up ဆိုတဲ့ Button ကိုတွေ့ရမှာ ဖြစ်ပါတယ်။ Sign Up Button ကို နှိပ်ပြီး လိုအပ်သည့် Form များကို ဖြည့်စွက်ကာ Registration လုပ်ယူနိုင်ပါသည်။

Sign Up လုပ် တာမရဘူး Burmese Checker မှာ ဘာလုပ်ရမှန်းမသိဘူး ? ဒါနဲ့ Burmese Checker ဆိုတာကကော ဘာကြီးလဲ ?

Burmese Checker က ဘာလုပ်ဖို့ထားထားတာလဲ လို့ မေးတဲ့သူတွေ တော်တော်များသလို Burmese Checker ကြောင့်ဒေါသထွက် သွားတဲ့သူတွေ လည်းတော်တော်များပါတယ်။ Burmese Checker က ဘာလဲဆိုတော့ မြန်မာလူမျိုး ဟုတ်လား မဟုတ်လား စမ်းသပ်တာပါ။ Books Hive က မြန်မာလူမျိုးများအတွက်သာ သီးသန့်ပြုလုပ်ထားတဲ့ ဆိုဒ်မို့ပါ။ ဘာကြောင့် တစ်ချို့တွေက Burmese Checker ထားတာကို စိတ်ဆိုးကြတာလဲ ။ ဒါကရှင်းပါတယ် သူတို့ဘေးမှာ ထည့်ထားတဲ့ ? လေးနဲ့ပြထားတဲ့ Tip ကိုသေချာမဖတ်လို့ပါ။ အဲဒီမှာ ဒီလိုအညွှန်းပေးထားပါတယ် ။ Please type the following Burmese Word (image) as in english word. For Example အွန်လိုင်း as an "online" အောက်မှာပြထားတဲ့ မြန်မာစာလုံးကို အင်္ဂလိပ်လို ပြန်ရိုက်ပေးပါ။ ဥပမာ အွန်လိုင်း ကို online ။

Sign Up လုပ်တာ အားလုံးအဆင်ပြေသွားပြီ။ Login ၀င်တာ မရဘူး။

Sign Up လုပ်ပြီးသွားသောအခါ Books Hive မှ ကိုယ် Sign Up လုပ်သောအခါ ထည့်ပေးလိုက်သော Email Address သို့ Activation Email တစ်ခုပို့ပါသည်။ ထို Email မှပါသော လင့်အား သွားရောက်ခြင်းဖြင့် ကိုယ့် Account အား Activate လုပ်ရမည်ဖြစ်ပါသည်။ ထိုမှသာ Books Hive Library အတွင်းသို့ ၀င်နိုင်မည်ဖြစ်သည်။ ကိုယ့်ဆီသို့ Email မရောက်လာခဲ့ဘူးဆို Email မှ Spam Folder အတွင်းတွင် ရှာကြည့်ပါ။ တစ်ချို့ Email Provider များသည် ထိုကဲ့သို့လာရောက်သော Email များအား Spam အဖြစ်သတ်မှတ်ပြီး Spam Folder ထဲ့သို့ထည့်သွင်းတတ်ခြင်းကြောင့်ဖြစ်သည်။ ကိုယ် Sign Up လုပ်စဉ်အတွင်း Email Address အမှားကြီးကို ပေးမိသည်ဖြစ်စေ မှားသွားသောအခါမျိုးတွင်ဖြစ်စေ Activate လုပ်ယူလို့ရနိုင်မှာမဟုတ်ပါဘူး။ ထိုသို့သော အကြောင်းအမျိုးမျိုးနဲ့ကြုံတွေ့ရသောအခါတွင် Books Hive Administrator mailus@books-hive.com သို့ Email ရေးပြီး အကူအညီတောင်းနိုင်ပါသည်။

Password မေ့သွားတယ် ဘယ်လိုလုပ်ရမလဲ ?

Forgot Password ဆိုတဲ့ Page မှာ ကိုယ့်ရဲ့ Email Address ရိုက်ထည့်ပြီး Reset လုပ်လို့ရတယ်။ ကိုယ်ရဲ့ Email Address ကိုမှန်ကန်စွာထည့်မယ်ဆို Books Hive ကနေပြီး ကိုယ့်ဆီကို Reset Email ပေးလိမ့်မယ်။ အဲဒီ့မှာပေးတဲ့ လင့်ကနေ သွားရောက်ပြီး ကိုယ်ကြိုက်တဲ့ Password တစ်ခုကို Reset လုပ်ယုံပဲ။

Books Hive Library မှာ ဘာစာအုပ်တွေ တင်ထားလဲသိချင်တယ်။ Sign up/ Register မလုပ်ပဲနဲ့ ကိုယ်လိုချင်တဲ့ စာအုပ်ရှိလားလို့ အရင်ရှာချင်တယ်။ ဘယ်လို လုပ်ရမလဲ ?

လွယ်ပါတယ်။ Login Page မှာ Guest Tour ဆိုတဲ့ Link ကိုနှိပ်လိုက်ပါ။ နောက် Burmese Checker မှာ ကိုယ် မြန်မာ လူမျိုးဖြစ်တာ သက်သေပြပြီးတာနဲ့ ကိုယ်လိုချင်တဲ့ စာအုပ်ကို ရှာလို့ရပါပြီ။ စာအုပ် ဒေါင်းလုပ်လုပ်ချင်ရင်တော့ Sign Up / Register လုပ်ရမယ်နော်။

Books Hive Library ကို တအားကြိုက်သွားပြီ ။ ကိုယ့်ဘက်က ဘယ်လို ကူညီပေးနိုင်မလဲ ?

ကျွန်တော်တို့ Library က တစ်ဦးတစ်ယောက် ပိုင်မဟုတ်တဲ့အတွက် Member တွေ ကိုယ်တိုင်ကပဲ ကူညီ စောင့်ရှောက် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ မြင်လွယ်မယ့် ကူညီမှု့မျိုးတွေကို အောက်မှာ ဖေါ်ပြပေးထားပါတယ်။

၁။ ကိုယ့်ဆီမှာ ရှိသော စာအုပ်များအား Library သို့ ကိုယ်တိုင် တင်ပေးခြင်းဖြင့် လှူဒါန်းပါ ။
၂။ စာအုပ် တင်သောအခါ တတ်နိုင်သမျှ စာအုပ်၏ Information များအား တစ်ပါးသူ ရှာဖွေရလွယ်ကူအောင် ဖြည့်စွက်ပေးပါ။
၃။ ကိုယ် စာအုပ် ဒေါင်းလုပ်လုပ်သောအခါ စာအုပ်တင်ပေးသူအား ကျေးဇူးတင်ရှိခြင်းအနေဖြင့် Comments တစ်ခုခု ချန်ထားခဲ့ပေးပါ။
၎။ ကိုယ် ဖတ်ပြီးသော စာအုပ်ဖြစ်ခဲ့ရင် ကောင်းမွန်သော စာအုပ်အညွှန်းလေးတစ်ခု ပြည့်စုံစွာ ၀င်ရေးပေးပါ။ ဒါမှသာ စာဖတ်သူတို့အနေနဲ့ စာအုပ်အညွန်းများကို အရင်ဖတ်ပြီး ဒေါင်းလုပ် လုပ်ခြင်းအားဖြင့် အချိန်ကုန်သက်သာစေမည်ဖြစ်ပါသည်။ (မကြာမှီဒီ Features အားထည့်သွင်းမည်ဖြစ်ပါသည်)
၅။ ကိုယ့် နီးစပ်ရာ မိသားစု သူငယ်ချင်း မိတ်ဆွေ များအား Books Hive Library အကြောင်းထပ်ဆင့်ပြောကြားခြင်းဖြင့် လက်ဆင့်ကမ်းပေးပါ။

Books Hive ရဲ့ လိုအပ်တာတွေကို အကြံပေးချင်တယ် သိချင်တာတွေကို ဆက်သွယ်ပြီးမေးမြန်းချင်တယ် ဘယ်လို လုပ်ရမလဲ ။ တစ်ချို့က အီးမေလ်းရေးရင် စာမပြန်ကြဘူး ။ Books Hive ကော အဲဒီလိုပဲလား ?

Books Hive ကို ဘယ်လိုသော အကြောင်းအမျိုးမျိုးနဲ့ ဆက်သွယ်မယ်ဆို mailus@books-hive.com သို့သာအီးမေလ်းပို့လိုက်ပါ။ Books Hive ကို စတင်တည်ထောင်တဲ့ နေ့မှစ၍ ပေးပို့ မေးမြန်းသော အီးမေလ်း အစောင်တိုင်းကို ဂရုတစ်စိုက် သေချာစွာ ပြန်ပေးပါတယ်။ အချိန်မရွေး သာပို့လိုက်ပါ။